မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မက်မန်း အောက်တိုဘာ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade-5၊ Grade-6၊ Grade-7၊ Grade-8 နှင့် Grade-9 တို့မှ ကျောင်းသား၊ ကျောင်းသူများက အတန်းအလိုက် သင်္ချာဉာဏ်စမ်းနှင့် မေးခွန်းပုစ္ဆာများကို ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ အဆိုပါ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)