မိုးညှင်း အောက်တိုဘာ ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သီတင်းကျွတ်အခါသမယသို့ နီးကပ်လာသည်နှင့်အမျှ ရောင်စုံမီးအိမ်မီးပုံးများနှင့်အတူ ကလေးကစားစရာများ ပြုလုပ်ရောင်းချရာတွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြုလုပ်ရောင်းချရာတွင် ရောင်စုံမီးအိမ်မီးပုံးများနှင့် ကလေးများစိတ်ဝင်စားနိုင်သည့် ကစားစရာအရုပ်များကို သီတင်းကျွတ်လမရောက်မီကစ၍ ရောင်းချရာ ယခင်နှစ်ထက်ပိုမို၍ ဝယ်လိုအားကောင်းလျက်ရှိပြီး ရောင်းချကြသူများအနေဖြင့်လည်း မိသားစုအတွက်ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချကြရာတွင် ရောင်စုံမီးပုံးများဖြစ်သော မီးထွန်းအိမ်များ၊ ကြယ်ပုံ၊ အသည်းပုံ၊ ယုန်ပုံ၊ ကားပုံ၊ လေယာဉ်ပျံပုံ၊ သင်္ဘောပုံစသည့် ကလေးကစားစရာ ရောင်စုံမီးပုံး လက်တွန်းလှည်းတစ်ခုအား ယခင်နှစ်ကတစ်ခုကို တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ် ထိရောင်းချပြီး ယခုနှစ်တွင် နှစ်ထောင်ကျပ်မှ လေးထောင်နှင့် ငါးထောင်ကျပ် ဝန်းကျင်အထိရှိကြောင်း၊ အဆိုပါရောင်စုံမီးအိမ်မီးပုံးများနှင့် ကလေးကစားစရာအရုပ်များကို ယခုနှစ်တွင် ယခင်နှစ်များထက် အရောင်းဆိုင်များအား ပိုမိုတိုးချဲ့ ရောင်းချကြလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း