ကျိုင်းတုံ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးသည့် မိုးပါးစံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာ၊ တောင်သူ ဦးစိုင်းဆိုင်ကျောက် ၏ ကွင်းအမှတ် ၈၁ ရှိ ဦးပိုင်အမှတ် ၃.၁၇ ဧက စံပြစိုက်ကွင်းတွင်ကျင်းပရာ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းသန့်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ ကျိုင်းတုံခရိုင်/မြို့နယ် စိုက်ပျိုးကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် စပါးအစို ၁၃၇ ဒဿမ ၃၂ တင်း၊ စပါးအခြောက်၁၂၀ ဒဿမ ၂၇ တင်းနှုန်း ထွက်ရှိပြီး မျှော်မှန်းအထွက်နှုန်း ပြည့်မှီကြောင်း သိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၄၇၉၁၀ ဧက ရှိပြီး ဆင်းဧကရီ-၃ မျိုးစပါးကို ၂၆၄၈၇ ဧက အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ယခုနှစ်တွင် စပါးစိုက်တောင်သူများ သတ်မှတ်မိုးစပါးပန်းတိုင် မျှော်မှန်း အထွက်နှုန်းပြည့်မှီကြောင်း မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)