မိုင်းယောင်း အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံထားသည့် ကျောင်းနေပြင်ပ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ စုစုပေါင်း ၂၀၀ အား အောက်တိုဘာ ၂၆ ရက်မှစတင်၍ Second Booster Dose ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
Second Booster ထိုးနှံရန် အကျုံးဝင်သူ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉)ရပ်ကွက်နှင့် ပါဟုတ်ကျေးရွာအုပ်စုမှ သာမဏေ(၂၈)ပါးနှင့် ပြည်သူ(၄၈)ဦးကို ဟိုခုံဘုန်းကြီးကျောင်း စုရပ်တွင်လည်းကောင်း၊ ဝမ်တပ်နှင့် ဟွေဖကျေးရွာအုပ်စုမှ သာမဏေ(၅)ပါးနှင့် ပြည်သူ(၃၆)ဦး၊ ဝမ်မန်းကျေးရွာအုပ်စုမှ သာမဏေ(၇)ပါးနှင့် ပြည်သူ(၁၁)ဦး၊ ဝမ်ကောင်းကျေးရွာအုပ်စုမှ သာမဏေ(၁၆)ပါးနှင့် ပြည်သူ(၈)ဦး၊ ဟောင်ကြန့်ကျေးရွာအုပ်စုမှ သာမဏေ(၁၁)ပါး၊ မြို့မရပ်ကွက်မှ သာမဏေ(၇)ပါးနှင့် ပြည်သူ(၂၃)ဦးကို ကျေးရွာအလိုက် ဘုန်းကြီးကျောင်း စုရပ်တွင်လည်းကောင်း အသီးသီးထိုးနှံသွားကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း