လားရှိုး အောက်တိုဘာ ၂၅
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ လားရှိုးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်းနှင့် လက်ရှိ မြို့ရေပေးရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်းအတွက် ဦးစွာစိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က လားရှိုးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဌ ဦးမျိုးကျော် က အဖွင့် အမှာစကားပြောကြားပြီး စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန မှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း က (EOI) ခေါ်ယူခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုမ္ပဏီများမှ တင်သွင်းလာသော အဆိုပြုလွှာများကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့များမှ ဖွင့်ဖောက်စိစစ်ပြီး စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းထားသော ကုမ္ပဏီမှ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းထားသော ကုမ္ပဏီမှတင်ပြလာမှုအပေါ် စိစစ်ရေးအဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)