နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတွင် ရှင်သာမဏေများ စာပြန်ပွဲပြုလုပ်

နမ့်ဆန် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတွင် ယမန်နေ့ မွန်းလွဲ နာရီ အချိန်က စာသင်သာမဏေများ စာပြန်ပွဲပြုလုပ်ကြောင်း သိရသည်။

ရှင်သာမဏေများစာပြန်ပွဲတွင် ပထမဦးစွာ နမောတဿ ကန်တော့ချိုး ၃ကြိမ် ရွတ်ဆို၍ မြို့မဂိုဏ်းချုပ်ဆရာတော်နှင့် သံဃာတော်များအား ပူဇော်ကန်တော့ကြပြီး စာပြန်ကြရာ မြို့မဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလနှင့်အတူ  လက်ထောက်ဆရာတော် ဘဒ္ဒန္တကေလာသ၊   သံဃာတော်များဖြစ်ကြသော အရှင်ဦးသာသနအရှင်ဉက္ကံသ၊ အရှင်သိလောက၊ အရှင်သုဝဏ္ဏ စသော သံဃာ ()ပါးတို့က စာပြန်လက်ခံကြောင်းသိရသည်။ အဆိုပါစာပြန်ပွဲတွင် မြို့မဂိုဏ်းချုပ်ကျောင်းမှ စာသင်သာမဏေ () ပါးတို့က စာပြန်ကြကြောင်းနှင့် ဆုရရှိသည့် သာမဏေများ အား သီတင်းကျွတ်လပြည့်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်ဆက်)