မာန်အောင် အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီက မာန်အောင်မြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲ မူလတန်းဆင့်Grade-5 အင်္ဂလိပ်စာဘာသာရပ်ပြိုင်ပွဲတွင် ဖြေဆိုသူကျောင်းသား/သူ (၁၇)ဦး၊ သင်္ချာဘာသာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၃၃)ဦး၊အလယ်တန်းဆင့်Grade-6 အင်္ဂလိပ်စာ ဘာသာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၁) ဦး၊သင်္ချာ ဘာသာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၆)ဦး၊ Grade-8 အင်္ဂလိပ်စာ ဘာသာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၇)ဦး၊ သင်္ချာဘာသာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၄)ဦး၊Grade-9 အင်္ဂလိပ်စာဘာဘာရပ်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၈)ဦး၊ သင်္ချာဘာသာရပ်ပြိုင်ပွဲတွင်(၁၆)ဦး၊ စုစုပေါင်း (၁၂၂)ဦးဝင်ရောက် ယှဥ်ပြိုင်ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)