စဉ့်ကိုင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (တတိယနေ့)ဆက်လက် သင်ကြားပေး

စဉ့်ကိုင်   အောက်တိုဘာ  ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်များကိုအားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြင့်တင်ရေးဆိုသည့်အချက်နှင့်အညီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၈) နာရီအချိန်က(တတိယနေ့) ဆက်လက်သင်ကြားပေးခဲ့သည်။

ကျောက်ဆည်ခရိုင် အသေးစာစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်ထက်ကေသီနိုင်က ရေချိုးဆပ်မျက်နှာသစ် ဆပ်ပြခဲပြာပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည်းများ၊ အချိုးအစားများကို သင်ကြားပေးခဲ့ပြီး ဒုလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်အိဖြိုးအောင်က ရေချိုးဆပ်ပြာဆီ ပြုလုပ်ပုံ မျက်နှာသစ်ဆပ်ပြာခဲအဆင့်ဆင့်ကို သင်တန်းသား၊သင်တန်းသူများအား လက်တွေ့ပြသ သင်ကြားပေးခဲ့သည်။

မြို့ပြ၊ကျေးလက်ဒေသများတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင်နိုင်ရန်လိုအပ်သော အသက်မွေးဝမ်းကြောင်းအတတ် ပညာများသင်ကြားပို့ချပေးခြင်းအပြင်အသေးစားစက်မှုလုက်မှုလုပ်ငန်းဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍နည်းပညာအရင်းအနှီးနှင့် စျေးကွက်ရရှိရေးဆောင်ရွက်ပေးလျက်ရှိရာသင်တန်းပြီးဆုံးသည့်အခါ လူသုံးကုန်ထုတ်လုပ်နိုင်အောင် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်ပြီး ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းထံက သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)