ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

မောင်တော   အောက်တိုဘာ  ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့နေ့လယ် ၁ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုးနိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ စက်သုံးဆီဆိုင်များတွင် မတော် တဆ မီးလောင်မှုဖြစ်ပွားပါက  မီးငြိမ်းသတ်ဆေးဘူးများထားရှိကာ အသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများ သိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေး  စသည့်တို့ကို အကြုံပြုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။  သက်လွင်စိုး ခရိုင်(ပြန်/ဆက်)