ဘူးသီးတောင် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ညနေ (၅)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်လင်းဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက်များကို အသိပေးနှိုးဆော်ခဲ့ကြပြီး အဆိုပါမုန်တိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနေသည့်အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းနှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
လှကျော်(ပြန်/ဆက်)