ပုသိမ်ကြီး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနသည် ရေနေသတ္တဝါများ အစားအစာဘေးကင်း လုံခြုံစေရန်၊ မွေးမြူသောရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကောင်းစွာရှင်သန်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လှုမှုစီးပွားကဏ္ဍများ ညီညွတ်မျှတတိုးတက်ရေးတို့အတွက် ပုသိမ်ကြီးမြို့နယ် နန္ဒာကျေးရွာ (မြောက်)ရှိ ဦးထွန်းလှငါးမွေးမြူရေးခြံတွင် ငါးမွေးတောင်သူများအတွက် ကောင်းမွန်သော မွေးမြုရေးကျင့်စဉ် (GAQP)သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ဒေါ်သင်းမြမြထွန်းမှ ငါးမွေးမြူရေးနှင့်ပတ်သက်သည့် မွေးကန်မြေနေရာ ရွေးချယ်ခြင်း၊ တည်ဆောက်မှုအတွက်လို အပ်ချက်များနှင့် ပစ္စည်းကိရိယာများသိုလှောင်ခြင်း၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်လိုက်နာမှုနှင့် နောက်ကြောင်းပြန်လိုက်ခြင်း၊ ကန်ဖော်ပြီး နောက်ပိုင်းစီမံခန့်ခွဲခြင်း၊ ရေနေသတ္တဝါများ လုပ်ငန်းတွင်မှတ်တမ်းသိမ်းဆည်းခြင်း အဆင့်များနှင့် တိရစ္ဆာန် ကျန်းမာရေးနှင့် ကောင်းစွာနေထိုင်ရှင်သန်ရေးတို့ကို ဟောပြောပို့ချ ဆွေးနွေးသည်။
သင်တန်းသို့ မကျီးပင်စောက်ကျေးရွာနှင့် နန္ဒာစံပြကျေးရွာမှ ငါးမွေးမြူရေးသမား (၂၃) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၁၉.၁၀.၂၀၂၃ ရက် နေ့မှစတင်၍ ၂၀.၁၀.၂၀၂၃ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
ဇာနည်ကိုကို