သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသစာပေ၏သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

သာစည် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ ၂၁ ရက်နံနက်က ရသစာပေ၏သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဆူးဖြူက ကိုယ်တိုင်ရေးသားသော ရသစာပေ၏သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ဖတ်ကြားကာ စာရေးဆရာအလင်းချို(သာစည်)၊ဆူးဖြူနှင့်ခန့်စစ်အောင်တို့က ဆောင်ပါးတွင်ပါရှိသော အကြောင်းအရာများနှင့် ရသစာပေများကိုဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များက သုတရသစာပေများ နှင့်ပတ်သက်ပြီးမေးမြန်းဆွေးနွေးကြရာ စာရေးဆရာများက မိမိတို့သိရှိထားသည်များကို ပြန်လည်မျှဝေဆွေးနွေးပေးကာ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးပြီး စာဖတ်ကြရန် တိုက်တွန်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်