ပင်းတယ အောက်တိုဘာ ၂၃
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုအပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဘုရားကြီးကုန်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က အမှာစကားပြောကြားပေးကာ သင်တန်းဆင်းလက်မှတ်၊ သင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများနှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှအောက်တိုဘာလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)