မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ တောင်သူများ လက်ဝယ်အရောက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား    အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ကွင်းအမှတ်(၅၂၁) ဦးပိုင်အမှတ် (၁၀၀)ရှိ  တောင်သူ  ဦးအောင်မြင့်၏ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးသစ် (၈)မျိုးနှင့် ဒေသမျိုး ရွှေတောင်(၁၀)တို့၏မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းအားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းမှ ယမန်နေ့ မွန်းလွဲ ၅ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  ရဲတင်ထွန်းမှ အရည်အသွေးကောင်းမွန်သည့် ဝါမျိုးကောင်းမျိုးသန့်များဖြစ်လာအောင် မျိုးရိုးဗီဇရွေးချယ်ခြင်းနည်းဖြင့်ဒေသ၊ ရေ၊မြေ၊ရာသီ ဉတုနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း ဝါမျိုးသန့်များတောင်သူများ လက်ဝယ်အရောက်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။

မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ  စိုက်ခင်းသို့  စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းစစ်ဆေးလမ်းညွှန်မှုတွင် တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးတိုးမင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မာင်ငြိမ်းနှင့်ဝန်ထမ်းများ ဝါစိုက်တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)