မန္တလေးမြို့နယ်တွင် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး  အောက်တိုဘာ ၂၄

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက ဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် ငါးဆူတိုက်မှ သံဃာတော်အပါး (၅၀) ၊‌ပေါက်မြိုင်တိုက်မှ သံဃာတော်အပါး (၅၀)၊ ရေပန်းတိုက်မှ သံဃာ တော်အပါး (၅၀) နှင့် ပေါင်းလဲတိုက်မှ သံဃာတော် အပါး (၁၀၀)၊ စုစုပေါင်း အပါး(၂၅၀)တို့ကို ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် မန္တလေး၊ အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်းသိရသည်။

မြင့်မော်ထွန်း