မိုင်းခုတ်မြို့၌ သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့တွင် မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူရန်အတွက် ညှိုနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဦးဘုန်းကြီးကျောင်းတွင် မိုင်းခုတ်တပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးဦးဆောင်သော နယ်မြေခံတပ်ရင်းတပ်ဖွဲ့အရာရှိများ၊ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ယမန်နေ့ နေ့လယ် (၁:၃၀)အချိန်က သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့တွင် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူရန်အတွက် ညှိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူခြင်းကို (၂၉.၁၀.၂၀၂၃)သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် မြို့မတပ်ဦးဘုန်းကြီးကျောင်းမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းတွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)