ကျေးသီးမြို့နယ်၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိ

ကျေးသီး အောက်တိုဘာ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ အောက်တိုဘာလ (၂၃)ရက်မှ စက်တင်ဘာ(၂၇) ရက်နေ့အထိ  နံနက် (၈) နာရီ မှ မွန်းလွဲ(၂) နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ထုတ်ယူမည့်သူ စုစုပေါင်း (၈၆)ဦး ရှိကြောင်း ကျေးသီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)