မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၄

ယနေ့ခေတ်လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)Women Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး BOOK Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်ဇွဲနှင့်ဤပညာစာအုပ်ထဲမှာ ဆောင်းပါး(၁၁)ပုဒ်ပါဝင်ပါတယ်၊ လူငယ်တွေ ကြီးမားတဲ့ဇွဲသတ္တိနဲ့ ပညာသင်ယူခဲ့ပုံများကို ဆရာကြီးက ဖွင့်ဆိုထားပါတယ်၊ ဆရာကြီးဟာ ကျောင်းဆရာဘဝများနဲ့ ဖြတ်သန်းခဲ့ရတော့ တပည့်လူငယ်တွေကို ဦးစားပေးပြီး ရေးသားထားတာတွေ့ရပါတယ်ဟု အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်သူဇာက “သူတို့သတ္တိ သူတို့ဇွဲ” အကြောင်းနှင့် Youth Club အဖွဲ့ဝင် ဒေါ်ခင်မူယာသော်က “လေးစားလောက်တဲ့လူငယ်တွ”စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်မှ ပြသထားသည့် အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မူခင်းကာကွယ်ရေးအတွက် သိထားသင့်သည့် အချက်များ၊ လူကုန်ကူးမှုအသိပညာပေးစသည့် ဗီနိုင်းကိုပြသခဲ့ရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)