ကွမ်းခြံကုန်း အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း အားဖြင့်တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာတက်တိုး၏ မောင်တို့မယ်တို့တိုးတက်စေဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ (youth Cloub) အဖွဲ့ဝင် မသင်းသင်းခိုင်းက ဦးဆောင်၍ ဆွေးနွေးရာတွင် လွန်အချိန်နဲ့ဒီရေ လူကိုမစောင့်ပါ အချိန်သည်ဘဝမှာ အဖိုးတန်းဆုံးအရာဖြစ်ကြောင်း၊ ဥစ္စာပစ္စည်းတွေ ဆုံးသွားရင်းဝယ်ယူလို့ရကြောင်း၊ အချိန်ဟာအသက်ပဲအချိန်ဟာ တစ်စက္ကန့် တစ်မိနစ် တစ်နာရီစသည့်ဖြင့် ကုန်သွားရင်းပြန်ခေါ်လို့မရနိုင်ကြောင်း စည့်တို့ကိုဆွေးနွေးရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေးရာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)