ကျောက်ပန်းတောင်း အောက်တိုဘာ ၂၄
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအတွက်၊ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို၊ လစဉ်(၂၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းဟောင်း အငြိမ်း စား ပင်စင်လစာငွေများ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ယူလျက်ရှိကြောင်း တွေ့ရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ပင်စင်လစာ ထုတ်ပေးခြင်းကို လစဉ် ၂၁ ရက်နေ့ နံနက်(၅) နာရီမှ စတင်ဆောင်ရွက်ပေးကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးနည်းလမ်းများနှင့်အညီ၊ စနစ်တကျ ထုတ်ပေးနေကြောင်း၊ ပင်စင်လစာငွေ ထုတ်ယူသူ အငြိမ်းစားဦးရေမှာ လစဉ်ပုံမှန်အားဖြင့် ၃၀၀၀ ဦး ဝန်းကျင်ရှိပြီး၊ နှစ်အကူးအပြောင်းဖြစ်သည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် ၅၀၀၀ ဦး နည်းပါးရှိကြောင်း၊ ပင်စင်စား နိုင်ငံဝန်ထမ်းဟောင်းများ အဆင်ပြေစွာနှင့် လျင်လျင်မြန်မြန် ထုတ်ယူရရှိနိုင်စေရန် လစဉ် ၂၁ ရက်နေ့ နံနက်(၅)နာရီမှ စင်တင်ဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးမောင်မောင်ဝင်းက ပြောသည်။
နေအောင်(ပြန်/ဆက်)