တွံတေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးအပ်

တွံတေး အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အတွင်းရှိရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တာင်ဘာ)အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားစုစုပေါင်း(၈၂၃) ဦးကို တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်ဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဖြစ်သည့် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်(၂၄၉၆၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား