သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ

သိန္နီ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေးအတွက် ကြော်ငြာများ ကပ်ထားပေးခြင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက ကူညီ ဖြေရှင်းဆောင်ရွက် ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၁)ဦးရှိရာ လစဉ်ပင်စင် စတင်ထုတ်ပေးသည့် (၂၁)ရက်နေ့တွင် ပျှမ်းမျှအားဖြင့် ပင်စင်စားဦးရေ (၃၀၀)ခန့် လာရောက်ထုတ်ယူလေ့ရှိပြီး ဦးရေ (၁၀၀)ခန့်သည် လကုန်ရက်အထိ လာရောက်ထုတ်ယူကြကြောင်း၊ ကျန်ရှိသည့် ပင်စင်စားများသည် (၂)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်မှသာ ထုတ်ယူကြကြောင်း ဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)