တောင်သာမြို့နယ် ကျေးရွာ ၃ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနူန်းပြည့်ပြီးစီး

တောင်သာ အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ (၁၀) ရွာ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အိုးဖိုကျေးရွာ၊ ရွှေပြည်တော်​ကျေးရွာနှင့် ကျောက်ဆောက် ကျေးရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အားလုံးရာနူန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာ ၃ ရွာအနက် ကျောက်ဆောက်ကျေးရွာ၌ ယနေ့နံနက် ၈နာရီခွဲအချိန်က လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းနှင့် လမ်းဖွင့်ပွဲ အခမ်းအနားအား အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းရည်ရွယ်ချက်၊ ကျေးရွာစိတ်ဓာတ်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးဆွေးနွေးကာ ဆောင်ရွက်ပြီးလုပ်ငန်းများကို ပိုင်ရှင်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့သည်။ ယင်းနောက်လွှဲပြောင်းအပ်နှံခြင်းလုပ်ငန်းနှင့် အသုံးစရိတ် ချပြရှင်းလင်းခြင်းများကို တာဝန်ရှိသူများက အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဆောက်ရွက်ထားသော ကွန်ကရစ်လမ်းအား မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ ကော်မတီဥက္ကဋ္ဌ ဦးညွှန်ရွှေနှင့် ဧည့်သည်တော် အထက(ရုံတော)မှ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးမိုအေးတို့က ဖဲကြိုးဖြတ်ဖွင့်​လှစ်ပေးခဲ့ကြောင်း သိရပြီး ကျေးရွာ ၃ ရွာလုံးတွင် အရှည်ပေ ၆၂၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခြင်းလုပ်ငန်များကို စီမံကိန်းကိန်းရန်ပုံငွေ ၁၅ သန်းစီ၊ ပြည်သူလူထုထည့်ဝင်ငွေ ၅.၇ သိန်းစီဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)