တံတားဦးမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  ပင်စင်လစာငွေများ လစဉ်ထုတ်ပေး

တံတားဦး အောက်တိုဘာ ၂၄

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်  လစာငွေများအား   ယမန်နေ့နံနက် (၈)နာရီ  အချိန်မှစတင်၍   စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း တံတားဦးမြို့နယ်အနေဖြင့် လစဉ်ပင်စင်လစာငွေများ ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းလူဦးရေ စုစုပေါင်း (၁၄၃၈)ဦးရှိပြီး ယနေ့တွင် လာရောက်ထုတ်ယူသူဦးရေ(၆၀၀)ကျော်ရှိကြောင်၊ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း တံတားဦးမြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)