တာလေ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်(အဖွဲ့ငယ်)မှ လာရောက်ကပြ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၂နေ့ ည၇နာရီမှ စတင်၍ တာလေမြို့၊ အမှတ်(၃၁၆) ခြေမြန်တပ်ရင်း၊ ဘောလုံးကွင်း၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကပြဖျော်ဖြေပွဲတွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်(အဖွဲ့ငယ်)မှ ဗိုလ်ကြီးဝေလင်းအောင် ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးများတို့မှ သီဆိုကပြမှု ဖျော်ဖြေရေး အစီအစဉ်များနှင့် တစ်ခန်းရပ်ဟာသပြဇာတ် အစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေ တင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် နယ်မြေခံတပ်ရင်းများမှ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကပြဖျော်ဖြေပွဲကို အမှတ်(၃၁၆)၊ ခြေမြန်တပ်ရင်း၊ ဘောလုံးကွင်း၌ အောက်တိုဘာ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကပြဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)