တန့်ယန်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိ အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း၏ အသင်း ဥက္ကဌ ဦးစိုင်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်မင်းက ငွေစုငွေချေးသမဝါယမအသင်းများ၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း၏ အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ငွေစာရင်းရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်းကြားတင်ပြကြကာ သဘာပတိအသင်းဥက္ကဌ ဦးစိုင်းထွန်းကျော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦးပြန်/ဆက်)