ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစ၍ အငြိမ်းစားဝန်ထမ်းများ၏ လစာကို ကာယကံရှင်များထံသို့ စနစ်တကျထုတ်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့အငြိမ်းစားဝန်ထမ်း(၂၈၅)ဦးကို ပင်စင်လစာငွေ ထုတ်ပေးရန် စီစဉ်ထားရှိပြီး၊ သက်ကြီးပင်စင်စားနှင့် နာမကျန်ဖြစ်နေသူတို့အား ဦးစားပေးစနစ်ဖြင့် ဘဏ်ဝန်ထမ်းများက မှတ်ပုံတင်၍ စနစ်တကျထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်လစာငွေများကို လစဉ်ပုံမှန်လဆန်း(၂၁)ရက်နေ့မှ လကုန်နေ့အထိ၊ ပုံမှန်နံနက်(၈)နာရီမှ မွန်းလွှဲ (၂)နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း၊ လာရောက်ထုတ်ယူသူများကို အငြိမ်းလစာထုတ်ပေးသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဘဏ်ဝန်ထမ်းများ စီစစ်ထုတ်ပေးလျက်ရှိပြီး၊ လာရောက်ထုတ်ခြင်း မရှိသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့းစီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)