တောင်ပြိုလက်ဝဲ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသိန်းနိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိမှသာ အသိပညာဗဟုသုတ များတိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ ဖတ်ရှုထားသော စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (Book Club) အဖွဲ့ဝင် ဦးမင်းသူမှ စာရေးဆရာမခင်စောတင့် ရေးသားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများစာအုပ်ထဲမှ "မျှော်လင့်ချက်" ခေါင်းစဥ်အားဖတ်ကြားဆွေးနွေးပြီး ဦးရန်နိုင်စိုးမှ "အချိန်အခါကိုသိပါ" ခေါင်းစဥ်အားဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားခဲ့သော ခေါင်းစဉ်တို့အား တစ်ဦးချင်းအလိုက် ခြုံငုံဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)