မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား (၁၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ

မန္တလေး အောက်တိုဘာ ၂၂

မန္တလေးတောင်ခြေရှိ သမိုင်းဝင် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ‌‌ယ‌နေ့နံနက် ၈ နာရီခွဲက အဆိုပါ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ အရှေ့မုဒ်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်း သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မိုး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းဟိန်း၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင် (၃) ဦးသန်းထွန်းအောင်၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်သက်၊ အတွင်းရေးမှူး ဦးမောင်မောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးသန်းထွန်းအောင်၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ဦးကျော်ဝင်းတို့က မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားအား ဖူးမျှော်ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။

သမိုင်းဝင် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သတင်းကျွတ်လဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၂ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး သံဃာ့ဒါန ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို လပြည်ကျော် သုံးရက်နေ့ နံနက်အရုဏ်တက်တွင် သံဃာတော်အပါး (၂၅၆၇)ပါးတို့အား နှစ်စဉ်မပျက် လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)