လယ်ဝေး အောက်တိုဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲက ကျင်းပ သည်။
ရှေးဉီးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန် မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုး သူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာသဘာဝ၊ စာရေးဆရာမ ခင်လယ်လယ်ချစ်၊ ဆရာဟန်ညွန့် (ယဉ်ကျေးမှု)၊ ဆရာဈာန်(စွမ်းအင်)၊ ဆရာမ ဒီရာ(စွမ်းအင်)၊ ဆရာကျော်လွင်မြင့်(မှော်ဝန်း)၊ ဆရာမောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ)၊ ဆရာ သတင်း ထောက်မြင့်မောင်၊ ဆရာကိုပေါက် (ဥက္ကာမြေ)၊ ဆရာဟိန်းအောင် (လယ်ဝေး)နှင့် ဆရာ ခင်မောင်ထွန်းတို့က စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည် ဆွေးနွေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်) က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)