ကျောက်တော် အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြို့နယ်သမဝါမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကျောက်တော်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဦးစောထွန်း၊ အခြေခံသမဝါယမအသင်းများမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သမဝါအသင်းစု ဥက္ကဋ္ဌ ဦးဦးစောထွန်းမှ သဘာပတိအဖြစ် လည်းကောင်း၊ အတွင်းရေးမှူး ဦးအောင်ကျော်သိန်းတို့မှ အခမ်းနားမှူးအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးအား အစီစဉ်(၉)ရပ်ဖြင့် ဆောင်ရွက်ခဲ့ကာ သဘာပတိမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား သမဝါယမအသင်းစု လီမိတက်မှ ဒုဥက္ကဋ္ဌ ဦးကျော်ဦးသာမှ ဖတ်ကြားတင်သွင်းပြီးအသင်း စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာအား အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ ဖတ်ကြားတင် ပြခဲ့သည်။ ထို့နောက်အခမ်းနားမှူးမှ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းအား အသင်းဝင်ကိုယ်စားလှယ်များပြန်လည် ရှင်းလင်းဆွေးနွေးကပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့်ရှေးလုပ်ငန်းစဉ်များအား တက်ရောက်လာသော အသင်းဝင်များက တညီတညွတ်တည်းသ ဘောတူကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း