သီပေါ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲကို ကျင်သီကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဒေါ်အေးအေးမြိုင်က အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေး နေသော ကလေးသူငယ် ပြုစုစောင့်ရှောက်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များအခွင့်အရေးနှင့် ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ကလေးသူငယ် ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှု မရှိစေသော အသက် ရှင်သန်ခွင့်နှင့် ကလေး၏ ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့်အကြောင်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရန် အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဒေါ်အေးအေးမြိုင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)