ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင်ငွေဖြင့် မြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါး စိုက်ပျိုးထားသော မနောယျမကျေးရွာ၊ ပဲလှော်ဖိုကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၊ လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းတို့မှ မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင် ငွေဖြင့်လုပ်ကိုင်ဆောင်ရွက်ထားသော သမဝါယမအသင်း (၄)သင်း၏ စိုက်ပျိုး ဧကပေါင်း (၆၁၂)ဧကရှိပြီး၊ မနောယျမ (လယ်/ထွေ) သမဝါယမအသင်းမှ အသင်းသား (၁၈)ဦး၊ စိုက်ပျိုးဧက (၇၂)ဧက၊ ပဲလှော်ဖို (စိုက်/ထွေ) သမဝါယမအသင်းမှ အသင်းသား (၃၀)ဦး၊ စိုက်ပျိုးဧက (၂၅၀)ဧက၊ ရွာသစ်(လယ်/ထွေ) သမဝါယမအသင်းမှ အသင်းသား(၆၇)ဦး၊ စိုက်ပျိုးဧက (၂၀၀)ဧက၊ အောင်တံခွန် (စိုက်/ထုတ်) သမဝါယမအသင်းမှ အသင်းသား (၁၇)ဦး၊ စိုက်ပျိုးဧက (၂၀၀)ဧကတို့အား ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါးများ စိုက်ပျိုး ထားလျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)