ရ‌သေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူ

ရသေ့တောင် အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ ယာယီ နေရပ်စွန့်ခွာသူများစခန်းနှင့် တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက်ဘက် ယာယီနေရပ်စွန့်ခွာသူများ စခန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဆိုင်းဘုတ် စုက်ထူခြင်းအများ စိုက်ထူခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူ‌မော်ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာတွင်ပါဝင်သော “သင့်ကြောင့် မီးမလောင်ပါစေနှင့်”၊ မီးသုံးစွဲသူများမှလိုက်နာရမည့် အချက် (၇)ချက်ပါဝင်သော ဗီနိုင်း၊ ပိုစတာများကို ရွှေပါရမီ ယာယီနေရပ်စွန့်ခွာသူများစခန်းနှင့် စေတီတောင်အနောက်ဘက် ယာယီနေရပ်စွန့်ခွာသူများစခန်းများတွင် စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)