လွိုင်လင် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် လူငယ်များ စာပေဖတ်ရှုမှု အလေ့အထကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ ရရှိသည့် အသိပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်မည့် အခြေအနေများနှင့် ပတ်သက်သည့် စာဖတ်ဝိုင်းကို Book Club နှင့် ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင် ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုရည်ထွေးတို့က ဒေါက်တာခင်မိုးမိုး၏ သင့်ကျန်းမာရေးအတွက် သတိပေး ခေါင်းလောင်းသံ ၂၀၀ စာအုပ်ပါ ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ၊ Book Club အဖွဲ့ဝင် ဒေါ်ခိုင်စံပယ်က အမျိုးသမီးများတွင် အဖြစ်အများဆုံး ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း သိကောင်းစရာများကို အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ လာရောက်ကြသည့် စာဖတ်ဝါသနာရှင်များ၊ Book Club အဖွဲ့ ဝင်များက အိမ်သုံးဆေးဝါးများ၊ တိုင်းရင်းဆေးများ သုံးစွဲခြင်းနှင့် ပတ်သက်သည့် ကောင်းကျိုးဆိုးကျိုးများကို ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းများသို့ Book Club အဖွဲ့ဝင်များ၊ ရပ်ကွက် အတွင်းရှိ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်