မိုင်းဆတ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် စက်ချုပ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူများကို ယမန်နေ့မွန်းလွဲ (၁)နာရီက လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကာန စံပြကျေးရွာရှိ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်ချုပ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော ဘီတင်စက်၊ ဒါးစက်၊ အပ်ချုပ်စက်၊ မီးပူ၊ Extension ကြိုး၊ ရောင်စုံအပ်ချည်လုံးနှင့် ထုပ်ကြယ်သီးစက်တို့ကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ အမှတ်(၃၁၆)တပ်ရင်းမှ ဗိုလ်မှူးကျော်ဝင်းနှင့် အမှတ်(၇၀၀၃) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ဖြိုးမောင်မောင်တို့က ထောက်ပံ့ပေးအပ်ရာ စက်ချုပ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)