ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ဒဂုံတောင် အောက်တိုဘာ ၂၁

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်‌ကြောင်း သတင်းရရှိသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က အခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်/မြိုနယ် ဥပဒေရုံး၊ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့၏ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က သက်ဆိုင်ရာအကြောင်းအရာများကို အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အသီးသီး မေးမြန်ဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားကြပြီး အရှေ့ပိုင်းခရိုင်လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး