ညောင်ဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သီရိမင်္ဂလာရပ်ကွက်၌ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးကွင်းမီးကျန်မှတဆင့်မီးလောင်းကျွမ်းခဲ့ရာ လူနေအိမ်လေးလုံးမီးလောင်ခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဌာနပိုင် Digital Meter(၁)လုံး၊ Analogue Meter(၃)လုံးနှင့်လူနေအိမ် လေးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်စဉ်မှာ ညောင်ဦးမြို့ သီရိမင်္ဂလာရပ်ကွက်၊ဒေါ်သန်းကြူ၏နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့်ကူးဆက်ကာ ပတ်ဝန်းကျင်နေအိမ်လေးလုံးအား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်ရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့်မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄)၊ အမှတ်(၅) အရန် မီးသတ်ဝန်ထမ်းများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ပေါ့ဆစွာမီးအသုံးပြုသည့် အိမ်ပိုင်ရှင်အား ညောင်ဦးမြို့နယ် မြို့မရဲစခန်းမှအမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း