လှည်းကူးမြို့နယ်ရှိ ရေဝင်ရောက်သွားသောအခြေခံပညာကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်

လှည်းကူး   အောက်တိုဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်က နဘဲပင် အခြေခံပညာမူလတန်းကျောင်း၊ သနပ်ပြင်အခြခံပညာမူလတန်းလွန်ကျောင်းနှင့် အခြခံပညာအထက်တန်း ကျောင်း(ဆားတလင်း)တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးနန်းထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့များ၊ ကျောင်းသားမိဘများစုပေါင်း၍ အခြေခံပညာကျောင်းများအတွင်းရှိ ပျက်စီးသွားသည့် လမ်းများအား သဲအိတ်များပြန်လည်ခင်းပေးခြင်း၊ ရေတွင်း၊ ရေကန်များအား ကလိုရင်း ဆေးခတ်ပေးခြင်း၊ စာသင်ခန်းအတွင်းအပြင် တံမြက်စည်းလှည်းပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အောက်တိုဘာလ(၇)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်း  (၆၆  )ကျောင်းတွင် ရေများဝင်ရောက်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရပြီး ယခုအခါ အခြေခံပညာကျောင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)