ထန်းတပင်မြို့နယ်၌ အယ်လ်နီညိုရာသီဥတုကြောင့် ငါးမွေးမြူ‌ရေးကဏ္ဍအပေါ် သက်ရောက် နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အယ်လ်နီညို ရာသီဥတု ဖြစ်‌ပေါ်မှုကြောင့် ငါးမွေးမြူ‌ရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့်ဖြစ်ပွားလာပါကလည်း ဆောင်ရွက်ရမည့်အစီအစဉ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာလ(၂၁)ရက်နေ့က တလိုင်မှီ ကျေးရွာ၊ ဘောလည်ကျေးရွာနှင့် ကမြိုင်ကျေးရွာများသို့ ကွင်းဆင်းကာ အသိပညာပေး ဟောပြောသည်။

အသိပညာပေးဟောပြောရာတွင်လည်း    ထန်းတပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန  မြို့နယ်ဦးစီးမှူး   ဦးအောင်မြတ်ကျော်နှင့်ဝန်ထမ်းများက တလိုင်မှီကျေးရွာ၊ ဘောလည်ကျေး ရွာနှင့် ကမြိုင်ကျေးရွာတို့ရှိ ငါးမွေးမြူသူတောင်သူများနှင့်တွေ့ဆုံ၍ အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါး‌မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှု အခြေအနေများ၊  ကြိုတင်ကာ ကွယ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အယ်နီညိုရာသီဥတု ကျရောက်မှုဖြစ်ပေါ်ချိန် တွင်လည်း ဆောင်ရွက်ရမည့်နည်းလမ်းများ နှင့်ကျရောက်ဖြစ်ပွားပြီးနောက်ပြန်လည် ထူထောင် ရေးလုပ်ငန်းဆောင်ရမည့်အစီအစဉ်များကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး ရေကြီး ရေလျှံမှုဖြစ်ပေါ်လာပါကငါးမွေးမြူ ရေးကန်များ ရေကြီးနစ်မြုပ်မှုမှကြိုတင် ကာကွယ် ရေး သတိပေး နှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို တလိုင်မှီကျေးရွာ၊ ဘောလည်ကျေးရွာနှင့် ကမြိုင်ကျေးရွာတို့ရှိ ငါးမွေးမြူသူတောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)