မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မိုင်းခတ်  အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းခတ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန(မိုင်းခတ်)မှ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် မိုင်းခတ်-မိုင်းနှုန်း-ကြက်ဥတောင်-မိုင်းပေါက်လမ်း အကျယ်၁၂ပေအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေခံလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန (မိုင်းခတ်)မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နန်းဖောင်းဖူး၊ လမ်းဦးစီးဌာန(မိုင်းခတ်)မှ တာဝန်ရှိသူတို့နှင့် အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)