လားရှိုး အောက်တိုဘာ ၂၁
လားရှိုးမြို့ သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်သင်တန်းသူများသည် ဆင်းရွှေလီဘိုးဘွား ရိပ်သာရှိ အဘိုး၊အဘွားများကို လက်တွေ့ပြုစုစောင့်ရှောက်ခြင်းအစီအစဉ်ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူနာပြုသင်တန်းသူများသည် ဆင်းရွှေလီဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများအား လက်တွေ့ပြုစုစောင့်ရှောက်ခြင်း၊ အဘိုးအဘွားများနှင့်အတူ ပျော်ရွှင်စွာလေ့ကျင့်လှုပ်ရှားကစားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဘိုးအဘွားများအတွက် အလှူငွေများလှူဒါန်းကာ ကန်တော့ခဲ့ကြကြောင်း သိရသည်။
အဘိုး၊အဘွားများအား လက်တွေ့ပြုစုစောင့်ရှောက်ခြင်းကို သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ် ကျောင်းသူ ၉၈ ဦး တို့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာတွင် အဘိုး ၉ ဦး အဘွား ၁၈ ဦး နေထိုင်လျက်ရှိကြောင်း သိရ သည်။
စိုင်းထွန်း(လားရှိုး)