တပ်ကုန်း အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သင်ကြားပေးသည့် အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းတွင် နည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်စိုးလွင်တို့က ဖယောင်းအရည်ကျိုနည်း၊ ဖယောင်းအရည် မိုခွက်အတွင်း လောင်းထည့်နည်း၊ အရောင်ရောစပ်နည်း၊ မီးစာထည့်နည်းနှင့်အလှ ဖယောင်းတိုင်ပြုလုပ်ပုံအဆင့်ဆင့်တို့ကို တက်ရောက်လာသည့် သင်တန်းသား ၁၄ ဦးအား လက်တွေ့ သင်ကြားပြသပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
တင်စိုးလွင်