ကွမ်းလုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ခရိုင်အဆင့်၊ အခြေခံပညာကျောင်းများ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် မြို့နယ်အဆင့်လူရွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မအားကစား ဘောလုံးကွင်းကြီးတွင် ကျင်းပခဲ့ရာ ပညာရေးဌာနမှ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများမှ တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါေဘာလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၄)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။ တတိယနေရာလုပွဲအဖြစ် အ.ထ.က (ကန်မိန်း) ဘောလုံးအသင်းနှင့် အ.လ.က(တပ်တွင်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အ.ထ.က (ကန်မိန်း) ဘောလုံး အသင်းမှ အ.လ.က (တပ်တွင်း) ဘောလုံးအသင်းကို ခုနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အလားတူဒုတိယပွဲစဉ်အဖြစ် အ.ထ.က (ကွမ်းလုံ)ဘောလုံးအသင်းနှင့် အ.ထ.က(ဟိုလီ) ဘောလုံးအသင်းတို့ ယှည်ပြိုင်ကစားခဲ့ကြပြီး အ.ထ.က(ကွမ်းလုံ)ဘောလုံးအသင်းမှ အ.ထ.က(ဟိုလီ)ဘောလုံးအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်း(၄)သင်းတို့မှ ပဏမကစားသမား (၁၈)ဦးရွေးချယ်၍ ခရိုင်အဆင့် အခြေခံပညာကျောင်းများ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)