လားရှိုးမြို့ လေဆိပ်ဝန်းအတွင်း မြေလွတ်မြေရိုင်းများတွင် ပန်းနှမ်းများစိုက်ပျိုး

လားရှိုး အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၏မြို့တော်ဖြစ်သည့် လားရှိုးမြို့၊ လားရှိုးလေဆိပ်ဝန်း လေယာဉ်ပြေးလမ်း အနီးတစ်ဝိုက်တွင် ပန်းနှမ်းစိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါ လေဆိပ်ဝန်းအတွင်း  စိုက်ခင်းတွင် ကျင်းပသည်။

အဆိုပါ ပန်းနှမ်းကြဲပက်ခြင်းအခမ်းအနားသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ လေဆိပ်တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

လားရှိုးလေဆိပ်အတွင်းရှိ မြေလွတ်မြေရိုင်းများကို စနစ်တကျ ဖော်ထုတ်၍ ပန်းနှမ်းကြဲပက် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပန်းနှမ်းစိုက်ပျိုးမည့် စိုက်ဧကမှာ ၁၃.၅ ဧကရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)