ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး(အေရိုးဗစ်) သင်တန်းဖွင့်လှစ်

ကျိုက်ထို   အောက်တိုဘာ    ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး (အေရိုးဗစ်) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သီတင်းကျွတ်ကျောင်းပိတ်ရက်အားလပ်ရက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ အမျိုးသမီးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်အချိုးအစား လှပစေရန် ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သမီးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမ မအိအိငယ်နှင့် ‌မအေးမြတ်မွန်တို့က အေရိုးဗစ်ပြုလုပ်ခြင်း၏အကျိုးကျေးဇူးနှင့်ကကွက် (၄၆) ကွက်အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသူ(၂၅)ဦး တက်ရောက်ပြီးသင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။

ကျိုက်ထိုပြန်/ဆက်