ပေါင် အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက် ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၂၅၀၀)ကျပ်၊ ဆီတစ်ပိသာ(၄၈၀၀)ကျပ်၊ ကြက်ဥ(၅)လုံး (၁၂၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်း၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)