စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေချစ်မြတ်နိုးသူများ Youth Clubအသင်းအဖွဲဝင်များ နှင့် စွန့်စားမှုဆီသို့​ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း  ​​အောက်တိုဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်​နေ့မွန်းလွဲ ၂ နာရီက စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Youth Club အသင်းအဖွဲ့ဝင်များနှင့်နှင့် စွန့်စားမှုဆီသို့​ ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ကြာင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  Youth Club အသင်းမှ အဖွဲ့ဝင် ဦးသူရထွန်းက စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်း အတွေးအမြင်များစာအုပ်ထဲမှ စကားပြောဖို့ ခလုတ်နှိပ်ပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးဉာဏ်လင်းထွန်းက အချိန်အခါကိုသိပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသီရိကျော်က ကျော်ကြားမှုအတွက်ပေးဆပ်ရခြင်း အစရှိ သည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့  တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း