လားရှိုး အောက်တိုဘာ ၂၁
အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဟေမာစိုးဝင်း၊ သူနာပြုသင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင် လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတွင် သင်တန်းတက်ရောက်အောင်မြင်သည့် သင်တန်းသား၊ သင်တန်းသူ(၄၇)ဦးရှိကြောင်း သိရသည်။
သူနာပြု-သားဖွားဒီပလိုမာသင်တန်းတက်ရောက်အောင်မြင်သည့် သင်တန်းသား၊ သင်တန်းသူများသည် ယခုလအတွင်း မိမိတို့တာဝန်ကျရာမြို့များသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)