မုဒုံမြို့ အ.ထ.က(ခွဲ)နိုင်လှုံကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မုဒုံ   အောက်တိုဘာ   ၂၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ)နိုင်လှုံစာသင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းမြင့်မေက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မော်လမြိုင်မှ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လက်ရှိ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်နှင့်စာဖတ်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် အသိပညာတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ကဗျာ၊ကာတွန်းစသည့် နံရံကပ် ပိုစတာများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)